back

မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေယာဉ်အား Drone ဖြင့် တိုက်ခိုက်မှုကို ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းပေါင်းစုံမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

Feb 22 • 2:19 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားလေဆိပ်၌ ခရီးသည်တင်လေယာဉ်အား Drone ဖြင့် တိုက်ခိုက်မှုကို ဘာသာရေးနှင့် လူမှုရေးအဖွဲ့အစည်းပေါင်းစုံမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက မန္တလေးသို့ ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ်အား FPV ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက မန္တလေးသို့ ထွက်ခွာရန် ပြင်ဆင်နေသည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) ခရီးသည်တင်လေယာဉ်အား FPV Suicide Drone များဖြင့် တိုက်ခိုက်ခဲ့မှုအပေါ် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ (ဗဟို)၊ YMBA အသင်းနှင့် သတင်းမီဒီယာ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများအပါအဝင် အဖွဲ့အစည်းပေါင်းများစွာက ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထားများ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် လူထိခိုက်မှုမရှိသော်လည်း လေယာဉ်ကိုယ်ထည်နှင့် အစိတ်အပိုင်းအချို့ ပျက်စီးခဲ့သဖြင့် လေယာဉ်ခရီးစဉ်ကို ရပ်နားခဲ့ရကြောင်းနှင့် ပြည်နယ်၏ အဓိကသယ်ယူပို့ဆောင်ရေးအချက်အချာဖြစ်သော လေဆိပ်ကို အန္တရာယ်ပြုသည့် လုပ်ရပ်အပေါ် အဖွဲ့အစည်းအသီးသီးက ရှုတ်ချခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

25