back

ဆိုးလ်မြို့တွင် ကျင်းပသည့် Russian Federation တပ်မတော်နေ့သို့ မြန်မာသံရုံး တာဝန်ရှိသူများ တက်ရောက်

Feb 22 • 2:15 AM

breaking-news

South Korea

Local News

cover

ဆိုးလ်မြို့တွင် ကျင်းပသည့် Russian Federation တပ်မတော်နေ့သို့ မြန်မာသံရုံး တာဝန်ရှိသူများ တက်ရောက်

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ရုရှားသံရုံးတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်နေ့ အခမ်းအနာ...

ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ ရုရှားသံရုံးတွင် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက် ညပိုင်းက ကျင်းပပြုလုပ်သည့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ တပ်မတော်နေ့ အခမ်းအနားသို့ မြန်မာသံရုံး ယာယီတာဝန်ခံ သံအမတ်ကြီး ဦးမျိုးမြင့်မောင်နှင့် မြန်မာစစ်သံမှူး ဗိုလ်မှူးချုပ် ဝင့်သူတို့ ဇနီးမောင်နှံများနှင့်အတူ တက်ရောက်ခဲ့ကြသည်။ ရုရှားတပ်မတော် စတင်ထူထောင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ကျင်းပသော အဆိုပါပွဲသို့ ဆိုးလ်မြို့အခြေစိုက် နိုင်ငံတကာသံအမတ်ကြီးများနှင့် စစ်သံမှူးများစွာ တက်ရောက်ခဲ့ကြပြီး၊ နိုင်ငံတော်ကာကွယ်ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ကြသည့် ရုရှားစစ်မှုထမ်းဟောင်းများနှင့် လက်ရှိစစ်မှုထမ်းများကို ဂုဏ်ပြုသည့်အနေဖြင့် နှစ်စဉ်ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။

news-view-count-icon

12