back

လှည်းကူးမြို့နယ်ရှိ လယ်ကွင်းအတွင်း ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၆ လုံး တွေ့ရှိ

Feb 22 • 2:14 AM

breaking-news

Myanmar

Yangon

cover

လှည်းကူးမြို့နယ်ရှိ လယ်ကွင်းအတွင်း ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၆ လုံး တွေ့ရှိ

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၆ လုံးကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်း...

ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ ဆင်ဖုန် (မြောက်) ကျေးရွာအနီးရှိ လယ်ကွင်းအတွင်း၌ ပစ်ခတ်ရန် ပြင်ဆင်ထားသည့် ရှော့တိုက်ဒုံး ၆ လုံးကို ဖေဖော်ဝါရီ ၂၁ ရက် နံနက်ပိုင်းတွင် တွေ့ရှိခဲ့ကြောင်း သိရသည်။ ဒေသခံများ၏ သတင်းပေးချက်အရ နယ်မြေခံလုံခြုံရေးအဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ PC ပိုက်များ စွတ်လျက်အနေအထားဖြင့် ပြင်ဆင်ထားသော ဒုံးသီးများကို တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ လုံခြုံရေးအဖွဲ့က ယင်းဒုံးသီးများကို စနစ်တကျ သက်မဲ့ပြုလုပ်ကာ အဆိုပါနေရာတစ်ဝိုက်အား နယ်မြေရှင်းလင်းရေးနှင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက်ဆောင်ရွက်နေကြောင်း သိရသည်။

news-view-count-icon

29