ပဲခူးတိုင်းဒေသကြီးအတွင်း ပြည်ပသွင်းကုန်အစားထိုး လယ်ယာသုံးစက်ကိရိယာများ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် နည်းပညာ၊ အရင်းအနှီးများ တိုးတက်ရရှိရေးအတွက် ပဲခူးတိုင်းဒေသကြီး လယ်ယာသုံးစက်ကိရိယာလုပ်ငန်းရှင်များအသင်းကို ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် တိုင်းဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားခဲ့သည်။ ပဲခူးတိုင်းမှ ထုတ်လုပ်သည့် လယ်ယာသုံးစက်ကိရိယာများသည် နေပြည်တော် MSME ပြပွဲတွင် ကျပ်သိန်း ၅,၇၀၀ ကျော်ဖိုး ရောင်းချခဲ့ရပြီးနောက် ယခုကဲ့သို့ အသင်းဖွဲ့စည်းရန် ဆောင်ရွက်ခြင်းဖြစ်ကာ၊ စွန့်ဦးတီထွင်ထုတ်လုပ်မည့် လုပ်ငန်းရှင်များအတွက် လိုအပ်သည့် နည်းပညာနှင့် မတည်ငွေများကို တိုင်းအစိုးရအဖွဲ့က ဘက်ပေါင်းစုံမှ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 22 • 2:12 AM
Myanmar
Bago
Share
| 20 | 0 | 0 | 0 |


