ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်ရှိ သမိုင်းဝင် စရီရာမဘုရားကျောင်း၏ သိဒ္ဓိတင်ရေစင်သွန်းလောင်းမင်္ဂလာ ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်က ကျင်းပခဲ့ရာ အိန္ဒိယနှင့် နီပေါနိုင်ငံ သံအမတ်ကြီးများ၊ ဟိန္ဒူဘာသာရေးအဖွဲ့အစည်းအသီးသီးမှ ဥက္ကဋ္ဌများ တက်ရောက်ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ အဆိုပါဘုရားကျောင်းသည် ၁၉၁၈ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီဖြစ်ကာ၊ နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့ရမှုများကို ၂၀၁၉ ခုနှစ်မှစတင်၍ အသစ်ပြန်လည်တည်ဆောက်ခဲ့ရာ ယခုနှစ်တွင် အလုံးစုံပြီးစီးခဲ့ခြင်းဖြစ်သည်။ ပွဲတော်ကို ဖေဖော်ဝါရီ ၁၈ ရက်မှစတင်၍ ၅ ရက်တိုင်တိုင် မီးဟုမ်းပူဇော်ပွဲများဖြင့် ကျင်းပနေခြင်းဖြစ်ပြီး၊ ဖေဖော်ဝါရီ ၂၂ ရက်တွင် မဟာသိဒ္ဓိတင်ရေစင်သွန်းလောင်းပွဲကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ နှစ်ပေါင်း ၁၀၀ သက်တမ်းရှိ စရီရာမဘုရားကျောင်း၏ သိဒ္ဓိတင်ရေစင်သွန်းလောင်းမင်္ဂလာ ဖွင့်ပွဲအခမ်းအနား ကျင်းပ
Feb 22 • 2:09 AM
Myanmar
Yangon
Share
| 34 | 0 | 0 | 0 |


