ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းသည် AI နည်းပညာကုမ္ပဏီ IFS နှင့် ရာသီကုန်အထိ ကာလတို ရင်ဘတ်စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ကြောင်း သိရသည်။ ၂၀၂၃ ခုနှစ်တွင် Three ကုမ္ပဏီနှင့် လမ်းခွဲပြီးနောက်ပိုင်း အမြဲတမ်းစပွန်ဆာရရှိရန် ရုန်းကန်နေရသည့် ချယ်လ်ဆီးသည် ယနေ့ကစားမည့် ဘန်လေနှင့်ပွဲတွင် IFS အမည်ပါဝင်သော ဂျာစီကို စတင်ဝတ်ဆင်သွားမည်ဖြစ်ပြီး အမျိုးသမီးအသင်းသည်လည်း တနင်္ဂနွေနေ့ မန်ယူနှင့်ကစားမည့် FA ဖလားပွဲတွင် ဝတ်ဆင်မည်ဖြစ်သည်။ ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့် ရာသီများတွင် Infinite Athlete၊ DAMAC တို့နှင့် ကာလတိုစာချုပ်များ ချုပ်ဆိုခဲ့ရပြီး ယခု IFS နှင့် လက်တွဲမှုကို "နှစ်ကာလကြာရှည်လက်တွဲမှု" ဟု ဖော်ပြထားသော်လည်း ယခုရာသီနောက်ပိုင်း ဆက်လက်ပူးပေါင်းမည့်အခြေအနေကိုမူ အသေးစိတ်ထုတ်ပြန်ထားခြင်း မရှိသေးပေ။
Feb 22 • 2:07 AM
Myanmar
International
Share
| 22 | 0 | 0 | 0 |


