back

ရခိုင်တွင် ရွှေရောင်းသူများပြားနေပြီး ရွှေဆိုင်များတွင် ငွေစက္ကူ ပြတ်လပ်

Feb 22 • 1:54 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်တွင် ရွှေရောင်းသူများပြားနေပြီး ရွှေဆိုင်များတွင် ငွေစက္ကူ ပြတ်လပ်

ရခိုင်ပြည်နယ်တွင် ရွှေဈေးမြင့်တက်နေမှုကြောင့် ရွှေဝယ်ယူသူမရှိဘဲ ရွှေရောင်းချသူများပြားလာ၍ ရွှေဆိုင်များတွင် ငွေစက္ကူ ပြတ်လပ်သွားကြောင်း ရွှေဆိုင်ပိုင်ရှင်များထ...

ရခိုင်ပြည်နယ်တွင် ရွှေဈေးမြင့်တက်နေမှုကြောင့် ရွှေဝယ်ယူသူမရှိဘဲ ရွှေရောင်းချသူများပြားလာ၍ ရွှေဆိုင်များတွင် ငွေစက္ကူ ပြတ်လပ်သွားကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။ ရွှေဈေးမတည်ငြိမ်မှု အပါအဝင် ရွှေဈေးမြင့်တက်လာခြင်းကြောင့် ရခိုင်တွင်ရွှေရောင်းချသူများပြားလာကြကြောင်း မြောက်ဦးမြို့မှ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ရခိုင်ပြည်မှာ အလုပ်အကိုင်ရှားပါးမှုကြောင့် ဒေသခံပြည်သူများမှာ ရွှေမဝယ်ယူနိုင်ကြဘဲ ယခင်က စုဆောင်းထားသော ရွှေများအား ထုတ်ရောင်းချ၍ မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေရသည်ဟု သိရသည်။ ရခိုင်ပြည်တွင် ဘဏ်လုပ်ငန်းများ ရပ်တန့်နေ၍ ဒေသခံပြည်သူများနှင့် စီးပွားရေးလုပ်ငန်းများမှာ ငွေသားရှားပါးသည့် ပြဿနာကို နေ့စဉ် ရင်ဆိုင်နေရကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောဆိုကြသည်။

news-view-count-icon

20