back

ရခိုင်ပြည်နယ်၊ရသေ့တောင်တွင် လူနေအိမ်တစ်လုံးမီးလောင် ပြာကျ

Feb 22 • 1:53 AM

breaking-news

Myanmar

Rakhine

cover

ရခိုင်ပြည်နယ်၊ရသေ့တောင်တွင် လူနေအိမ်တစ်လုံးမီးလောင် ပြာကျ

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊အုန်းချောင်းကျေးရွာတွင် ယမန်နေ့က လူနေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသ ခံများက ပြောသည်။မီးလောင်ပြာကျသွားသည့် အိမ်မှာ ...

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊အုန်းချောင်းကျေးရွာတွင် ယမန်နေ့က လူနေအိမ်တစ်လုံးမီးလောင်ပြာကျသွားခဲ့ကြောင်း ဒေသ ခံများက ပြောသည်။မီးလောင်ပြာကျသွားသည့် အိမ်မှာ ရသေ့တောင်မြို့နယ်၊ အုန်းချောင်းကျေးရွာမှ ဦးဝေကျန်အောင် ( ၇၂နှစ်) ၏ နေအိမ်ဖြစ်ကြောင်း သိရသည်။ယမန်နေ့ ညနေ ၇ နာရီအချိန်ခန့်တွင် ‌ဦးဝေကျန်အောင်နှင့် ဇနီးဖြစ်သူတို့သည် ကျေးရွာအတွင်း ရှင်ပြုပွဲအလှူ၌ တရားနာရန် သွား ရောက်နေစဉ် အိမ်၌ကျန်နေခဲ့သည့် ထမင်းချက်မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ခဲ့ခြင်းဟု ဆိုသည်။အဆိုပါ မီးလောင်မှုကို မီးသတ်ဌာနနှင့် ဒေသခံပြည်သူများ ပူးပေါင်း၍ မီးငြိမ်းသတ်ခဲ့ရာ ညနေ ၇နာရီ ၃ဝ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

news-view-count-icon

21