back

မီလန်-ကော်တီနာ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အမျိုးသမီး မီတာ ၁,၅၀၀ ရွှေတံဆိပ်ဆုကို ရစ်ဂျ်မာဒီဂျုံး ရရှိ

Feb 22 • 1:52 AM

breaking-news

Myanmar

International

cover

မီလန်-ကော်တီနာ ဆောင်းရာသီအားကစားပြိုင်ပွဲတွင် အမျိုးသမီး မီတာ ၁,၅၀၀ ရွှေတံဆိပ်ဆုကို ရစ်ဂျ်မာဒီဂျုံး ရရှိ

အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁,၅၀၀ အမြန်နှုန်းစကိတ်စီးပြိုင်ပွဲတွင် နယ်သာ...

အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ အိုလံပစ်ဆောင်းရာသီအားကစားပြိုင်ပွဲ၏ အမျိုးသမီး မီတာ ၁,၅၀၀ အမြန်နှုန်းစကိတ်စီးပြိုင်ပွဲတွင် နယ်သာလန်နိုင်ငံမှ အန်ထိုနက် ရစ်ဂျ်မာဒီဂျုံးက ၎င်း၏ စတုတ္ထအကြိမ်မြောက် ဆောင်းရာသီအားကစားပြိုင်ပွဲ၌ ပထမဆုံး အိုလံပစ်ရွှေတံဆိပ်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်သည်။တောင်ကိုရီးယားနိုင်ငံ ဖျောင်းချန်မြို့၌ ကျင်းပခဲ့သည့် ပြိုင်ပွဲနှင့် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပခဲ့သည့် ပြိုင်ပွဲတို့တွင်မူ ကြေးတံဆိပ်သုံးခုနှင့် ငွေတံဆိပ်တစ်ခု ရရှိခဲ့သည့် အသက် ၃၀ အရွယ် နယ်သာလန်စကိတ်စီးသမား ရစ်ဂျ်မာဒီဂျုံးက အဆိုပါပြိုင်ပွဲတွင် နော်ဝေနိုင်ငံမှ Ragne Wiklund ကို ၀.၀၆ စက္ကန့်ဖြင့် အနိုင်ယူကာ ပန်းဝင်ချိန် တစ်မိနစ်နှင့် ၅၄.၀၉ စက္ကန့်ဖြင့် အောင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။မီတာ ၃,၀၀၀ တွင် ငွေတံဆိပ်တစ်ခုနှင့် မီတာ ၅,၀၀၀ တွင် ကြေးတံဆိပ်တစ်ခု ရရှိခဲ့သော Wiklund က အဆိုပါအားကစားပြိုင်ပွဲများတွင် ၎င်း၏ တတိယမြောက် ဆုတံဆိပ်ကို ဆွတ်ခူးခဲ့ပြီး ကြေးတံဆိပ်ဆုကိုမူ ကနေဒါနိုင်ငံမှ Valerie Maltais က ပန်းဝင်ချိန် ၁ မိနစ် ၅၄.၄၀ စက္ကန့်ဖြင့် ရရှိခဲ့သည်။

news-view-count-icon

25