ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် ဖီဖာဟာ လာမယ့် ၂၀၂၉ ခုနှစ်မှာ ကျင်းပမယ့် ဒုတိယအကြိမ်မြောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ အသင်းအရေအတွက်ကို ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့သွားဖို့ စိတ်ကူးနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ် ။ ဒီလိုပြုလုပ်ရတဲ့ အကြောင်းအရင်းတွေထဲကတခုကတော့ ပြီးခဲ့တဲ့ ကလပ်ကမ္ဘာ့ဖလားမှာ ဘာစီလိုနာ ၊ မန်ချက်စတာယူနိုက်တက်အပါအဝင် European Top team အချို့ မပါဝင်နိုင်ခဲ့ကြတာကြောင့်ဖြစ်တယ်လို့လည်း သတင်းထွက်ပေါ်နေတာပဲ ဖြစ်ပါတယ် ။ ဒါ့အပြင် လက်ရှိချန်ပီယံ ချဲလ်ဆီးအသင်းကိုလည်း ဝင်ခွင့်ပေးအပ်သွားဖွယ် ရှိနေပါတယ် ။
ကမ္ဘာ့ဘောလုံအဖွဲ့ချုပ် ဖီဖာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာအသင်း ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့သွားဖို့ စိတ်ကူးနေ
Feb 22 • 1:50 AM
Myanmar
International
Share
| 29 | 0 | 0 | 0 |


