back

တရုတ်နိုင်ငံ၊ဟိုင်နန်ပြည်နယ် ချန်းကျန်းသို့ ခရီးသွားလာသူများပြားနေ

Feb 22 • 1:49 AM

breaking-news

China

Local News

cover

တရုတ်နိုင်ငံ၊ဟိုင်နန်ပြည်နယ် ချန်းကျန်းသို့ ခရီးသွားလာသူများပြားနေ

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချန်းကျန်း လီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကျွိယွမ်ပန်းမန်ပြပွဲဥယျာဉ်အတွင်း၌လတ်တလောရက်ပိုင်းတွင် ကယ်ဆန်းပန်း၊ ဂန္ဓမာပ...

တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချန်းကျန်း လီလူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခရိုင်ရှိ ကျွိယွမ်ပန်းမန်ပြပွဲဥယျာဉ်အတွင်း၌လတ်တလောရက်ပိုင်းတွင် ကယ်ဆန်းပန်း၊ ဂန္ဓမာပန်း၊ စက္ကူပန်း စသည့် ပန်းမန်များ သူ့ထက်ငါအပြိုင် ပွင့်လန်းလျက်ရှိရာ ခရီးသွားဧည့်သည်များစွာ ပန်းပင်လယ်သို့ လာရောက်လည်ပတ်ပြီး အမှတ်တရဓာတ်ပုံ ရိုက်ကူးကာ ကဗျာဆန်လှသော ပန်းစိုက်ခင်းအတွင်း နွေဦးအငွေ့အသက်ကို ခံစားရန် ဆွဲဆောင်ခဲ့သည်။ပန်းမန်လုပ်ငန်းသည် ဟိုင်နန်ပြည်နယ် ချန်းကျန်းခရိုင်၏ ထူးခြားချက်ရှိသော လုပ်ငန်းများအနက် တစ်ခုဖြစ်သည်။ လတ်တလောနှစ်ပိုင်းတွင် ဒေသတွင်း၌ ပန်းမန်လုပ်ငန်း ပမာဏအများအပြား တိုးတက်လာစေရန် အင်တိုက်အားတိုက် ပံ့ပိုးပေးခဲ့ပြီး ထူးခြားချက်ရှိသော ပန်းမန်များ စိုက်ပျိုးရေးနှင့် ဒေသတွင်းခရီးသွားလာမှုအား ထဲထဲဝင်ဝင်ပေါင်းစည်းလိုက်သည်။ ထိုသို့အားဖြင့် ခေတ်သစ် ကျေးလက်ခရီးသွားလာမှုကို ဖော်ဆောင်ပေးသည့်အရာတစ်ခု စူးစမ်းတည်ဆောက်ပြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ဟူသော သာယာလှပသည့် ပန်းချီကားချပ်ကို ရေးခြယ်လိုက်ပေသည်။

news-view-count-icon

8