back

တရုတ်စုံတွဲက လေပေါ်ဝဲနှင်းလျှောစီး ရွှေတံဆိပ်ဆုများဖြင့် မီလန်-ကော်တီနာသမိုင်း၌ စုံတွဲလိုက်မှတ်တမ်းတင်

Feb 22 • 1:48 AM

breaking-news

China

Local News

cover

တရုတ်စုံတွဲက လေပေါ်ဝဲနှင်းလျှောစီး ရွှေတံဆိပ်ဆုများဖြင့် မီလန်-ကော်တီနာသမိုင်း၌ စုံတွဲလိုက်မှတ်တမ်းတင်

အီတလီနိုင်ငံ လီဗစ်ညိုမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသမီး အလွတ်တန်းလေပေါ်ဝဲနှင်းလျှောစီးပြိုင်ပွဲ၌ ဇနီးဖြ...

အီတလီနိုင်ငံ လီဗစ်ညိုမြို့၌ ကျင်းပသည့် ၂၀၂၆ ခုနှစ် မီလန်-ကော်တီနာ ဆောင်းရာသီအိုလံပစ်အားကစားပြိုင်ပွဲ၏ အမျိုးသမီး အလွတ်တန်းလေပေါ်ဝဲနှင်းလျှောစီးပြိုင်ပွဲ၌ ဇနီးဖြစ်သူ ရွှီမုန့်ထောင်က ရွှေတံဆိပ်ဆုရရှိပြီးနောက် နှစ်ရက်အကြာဖြစ်သည့် ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် အမျိုးသား အလွတ်တန်းလေပေါ်ဝဲနှင်းလျှောစီးပြိုင်ပွဲ၌ ခင်ပွန်းဖြစ်သူ ဝမ်ရှင်းသီကပါ ရွှေတံဆိပ်ဆွတ်ခူးခဲ့သည်ဖြစ်ရာ ထိုနေ့က ယင်းမီလန်-ကော်တီနာအားကစားပြိုင်ပွဲတွင် တရုတ်နိုင်ငံက ထူးထူးခြားခြား စုံတွဲလိုက်အောင်ပွဲခံခဲ့သည်။ အဆိုပါအောင်ပွဲကြောင့် ၎င်းတို့နှစ်ဦးက ထိုအားကစားပြိုင်ပွဲများတွင် တစ်ဦးချင်း ရွှေတံဆိပ်ဆုများ ကိုယ်စီရရှိကြသည့် ရှားရှားပါးပါး ဇနီးမောင်နှံ ဖြစ်လာခဲ့သည်။အသက် ၃၀ အရွယ် ဝမ်က အရေးကြီးဆုံးအချိန်တွင် စွမ်းဆောင်နိုင်ခဲ့သည်။ စူပါဗိုလ်လုပွဲတွင် တတိယနေရာရရှိခဲ့သူဖြစ်ပြီး အမှားအယွင်းကင်းလုနီးပါး ပုံစံဖြင့် လေပေါ်ဝဲ၍ နှင်းလျှောစီးနိုင်ခဲ့ကာ ရမှတ် ၁၃၂.၆၀ မှတ် ရရှိခဲ့သည်။


news-view-count-icon

7