ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျော့ပါးရေးဦးစီးဌာန (DDPM) က ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အတွင်း ဘန်ကောက်နှင့် မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းရှိ ပြည်နယ်ပေါင်း ၆၀ တွင် မိုးသက်လေပြင်းများ ကျရောက်နိုင်ကြောင်း (ဖေဖော်ဝါရီ ၂၁) ၌ သတိပေးချက် ထုတ်ပြန်လိုက်သည်။ တရုတ်နိုင်ငံမှ လေအေးနှင့် ထိုင်းနိုင်ငံအထက်ပိုင်းမှ ပူပြင်းသည့် ရာသီဥတုတို့ ဆုံမိခြင်းကြောင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများအနေဖြင့် အဆောက်အအုံများ ခိုင်ခံ့အောင် ပြင်ဆင်ထားရန်နှင့် လေပြင်းတိုက်ချိန်တွင် သစ်ပင်ကြီးများ၊ ကြော်ငြာဘုတ်များအနီး နေထိုင်ခြင်းကို ရှောင်ကြဉ်ကြရန် အကြံပြုထားသည်။ လတ်တလောတွင် သက်ဆိုင်ရာ အာဏာပိုင်များက ကယ်ဆယ်ရေးအဖွဲ့များနှင့် စက်ယန္တရားများကို အသင့်ပြင်ဆင်ထားပြီး အကူအညီလိုအပ်ပါက Hotline 1784 သို့ ၂၄ နာရီပတ်လုံး ဆက်သွယ်နိုင်ကြောင်း သိရသည်။
Feb 22 • 2:10 AM
Thailand
Local News
Share
| 22 | 0 | 0 | 0 |


