၂၀၂၆ ခုနှစ်တွင် ထိုင်းနိုင်ငံအတွင်း ဘဏ္ဍာရေး အကျပ်အတည်း ဖြစ်လာလိမ့်မည်ဟု ယုံကြည်ချင်သည်ဆိုပါက စာရေးသူအနေဖြင့် မိနစ်ပိုင်းအတွင်း ရှင်းပြနိုင်ပါသည်။ ကိန်းဂဏန်းများနှင့် အချက်အလက်များကို လေ့လာသုံးသပ်နိုင်ရန်အတွက် ထိုင်း စီးပွားရေး၏ ၂၀၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ် (ခန့်မှန်း) ဘဏ္ဍာရေး အခြေအနေများကို ရှင်းပြပေးမည်ဖြစ်သည်။
ထိုကိန်းဂဏန်းများက ထိုင်းနိုင်ငံတွင် စီးပွားရေးကို ထောက်ပံ့ရန် ဘဏ္ဍာငွေ ရှာဖွေနိုင်စွမ်း လုံးဝမရှိတော့ကြောင်း သက်သေပြနေသည်။ အကြောင်းအရင်းမှာ ဘဏ်လုပ်ငန်းကဏ္ဍသည် ချေးငွေ ထုတ်ပေးနိုင်စွမ်း မရှိတော့ခြင်းကြောင့် ဖြစ်သည်။ ထိုင်းစီးပွားရေး၏ ရန်ပုံငွေ လိုအပ်ချက်မှာ ပြည်ပမှ ငွေကြေးထောက်ပံ့မှု အပေါ်တွင်သာ အလုံးစုံ မှီခိုနေရပြီး အနာဂတ်တွင်လည်း ထိုအတိုင်းသာဖြစ်နေလိမ့်မည်ဖြစ်သည်။ ၂၀၂၅ ခုနှစ်တွင် ပြည်ပမှ ဘဏ္ဍာငွေ ရှာဖွေနိုင်မှုမှာ ဒေါ်လာ ၃၁ ဒသမ ၇ ဘီလျံ (ဘတ်ငွေ ၁ ထရီလီယံနီးပါး) ရှိခဲ့သည်။



