ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာန (DDPM) က ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်း မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနဲ့ ဘန်ကောက်မြို့အပါအဝင် ပြည်နယ်ပေါင်း ၆၀ မှာ မိုးသက်လေပြ့င်းတွေကျရောက်နိုင်တယ်လို့ ဒီနေ့ (ဖေဖော်ဝါရီ ၂၁) က သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။ ဌာနအနေနဲ့ ရာသီဥတုအခြေအနေတွေကို အနီးကပ်စောင့်ကြည့်နေပြီး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့တွေနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေကိုလည်း အသင့်ပြင်ဆင်ထားပါတယ်။ အဲဒီဒေသတွေမှာ မိုးကြိုးပစ်တာ၊ လေပြင်းတိုက်တာ၊ မိုးသီးကြွေတာနဲ့ နေရာတချို့မှာ မိုးသည်းထန်စွာ ရွာသွန်းတာတွေ ဖြစ်လာနိုင်ပါတယ်။



