back

မကွေးတိုင်းထဲက မြို့နယ်တွေမှာ အမှိုက်တွေကို ခြံဝန်းထဲ မီးရှို့ပါက ပုဒ်မ ၃၂၂-ပ နဲ့ အရေးယူမယ်လို့ဆို

Feb 21 • 1:35 PM

breaking-news

Myanmar

Magway

cover

မကွေးတိုင်းထဲက မြို့နယ်တွေမှာ အမှိုက်တွေကို ခြံဝန်းထဲ မီးရှို့ပါက ပုဒ်မ ၃၂၂-ပ နဲ့ အရေးယူမယ်လို့ဆို

ဖေဖော်ဝါရီလ ဒုတိယအပတ်က စတင်ကာ သရက်၊ အောင်လံ၊ ရေနံချောင်းနဲ့ ချောက်မြို့ အပါအဝင် နယ်မြို့တွေမှာ ခွင့်ပြုထားတဲ့ နေရာတွေမှာသာ အမှိုက်မီးရှို့ဖို့နဲ့ နေအိမ်ခြံဝန်းတ...

ဖေဖော်ဝါရီလ ဒုတိယအပတ်က စတင်ကာ သရက်၊ အောင်လံ၊ ရေနံချောင်းနဲ့ ချောက်မြို့ အပါအဝင် နယ်မြို့တွေမှာ ခွင့်ပြုထားတဲ့ နေရာတွေမှာသာ အမှိုက်မီးရှို့ဖို့နဲ့ နေအိမ်ခြံဝန်းတွေမှာ မီးရှို့တာတွေ့ရှိပါက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှစတင်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ဆိုပါတယ်။၇ ရက်တစ်ကြိမ် အလှည့်ကျ အမှိုက်ကားလာပေမယ့် အမှိုက်တင်ချိန်တွေမှာ စောင့်ဆိုင်းပေးတာမျိုးမရှိဘဲ အမြန်မောင်းသွားတာတွေကြောင့် သစ်ရွက်ခြောက်တွေနဲ့ သစ်ကိုင်းတွေကို ကိုယ့်အစီစဉ်နဲ့ကိုယ် မီးရှို့လိုက်ရတာတွေလည်းရှိပြီး အခု စည်ပင်သာယာရေးအဖွဲ့က သတ်မှတ်နေရာမှာသာ အမှိုက်မီးရှို့ဖို့ ပြောဆိုနေပေမယ့် မြို့နဲ့အလှမ်းဝေးတာကြောင့် တကူးတက သွားရောက်မီးရှို့ဖို့ အဆင်မပြေဖြစ်နေကြတယ်လို့ သိရပါတယ်။ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနဲ့ သန့်ရှင်းရေးဥပဒေပုဒ်မ ၃၂၂-ပ ဟာ အမြင့်ဆုံးဒဏ်ငွေ ၃ သိန်းကျပ်နဲ့ ထောင်ဒဏ် ၃ လ ကျနိုင်တယ်လို့ သိရပြီး စစ်ကော်မရှင်စည်ပင်အဖွဲရဲ့ ဝင်ငွေရှာဖွေတဲ့ နည်းတမျိုး ဖြစ်နိုင်တာကြောင့် ဂရုစိုက်ဖို့လိုတယ်လို့ သုံးသပ်ပြောဆိုနေကြသလို စစ်ကော်မရှင် မီးသတ်တပ်ဖွဲ့တွေကလည်း နေအိမ်တွေမှာ မီးချိတ်မီးကတ်နဲ့လှေကားတွေ ထားရှိဖို့ လိုက်လံကြေညာနေပြီး သတ်မှတ်ရက်အတွင်း မတွေ့ရှိပါက ထိရောက်စွာ အရေးယူမယ်လို့လည်း သိရှိရပါတယ်။




news-view-count-icon

16