back

ကမ္ဘာ့မြောက်ခြမ်း အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့ ၂ မြို့ ပါဝင်

Feb 21 • 1:33 PM

breaking-news

Myanmar

Local

cover

ကမ္ဘာ့မြောက်ခြမ်း အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့ ၂ မြို့ ပါဝင်

ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့မြောက်ခြမ်းရှိ အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့နှစ်မြို့ ပါဝင်လာကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ဖော်ပြချက်အရ သ...

ဖေဖော်ဝါရီလအတွင်း ကမ္ဘာ့မြောက်ခြမ်းရှိ အပူဆုံးမြို့ ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ မြို့နှစ်မြို့ ပါဝင်လာကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်၏ ဖော်ပြချက်အရ သိရသည်။ယင်းစာရင်းတွင် မင်းဘူး နှင့် ချောက်တို့ ပါဝင်လာခြင်းဖြစ်ပြီး နှစ်မြို့လုံးသည် မကွေးတိုင်းဒေသကြီးအတွင်း တည်ရှိကြသည်။ဖေဖော်ဝါရီလ (၁၉) ရက်နေ့ တိုင်းတာချက်အရ မင်းဘူးမြို့တွင် အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ် ရှိခဲ့ပြီး ကမ္ဘာ့မြောက်ခြမ်း အပူဆုံးအဆင့် (၇) နေရာတွင် ရပ်တည်ခဲ့သည်။ ထို့ပြင် ချောက်မြို့တွင် အပူချိန် ၃၈.၈ ဒီဂရီစင်တီဂရိတ် ရှိခဲ့ကာ အပူဆုံးအဆင့် (၈) နေရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံအတွင်း ယခုနှစ်အပူချိန် မြင့်တက်မှုများသည် နွေရာသီအစောပိုင်းကတည်းက ထင်ရှားစွာ မြင်တွေ့နေရပြီး မိုးလေဝသဆိုင်ရာ အချက်အလက်များအရ ဆက်လက်၍ အပူချိန်မြင့်တက်နိုင်ကြောင်းလည်း ခန့်မှန်းထားသည်။


news-view-count-icon

44