ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်ရှိ ဖားဆောင်းတံတား မိုင်းခွဲခံရပြီးနောက် စက်လှေစျေးထိုးတက်ပြီး ဒေသတွင်း ကုန်စျေးနှုန်းမြှင့်တက်လာကြောင်း ဖေဖော်ဝါရီ (၂၁)ရက်က သိရသည်။ဖားဆောင်းတံတားသည် ကုန်သွယ်ရေးအတွက် အလွန်အရေးပါသည့် တံတားဖြစ်ပြီး မိုင်းခွဲခံရပြီးနောက်ပိုင်း ကုန်သွယ်မှု ပြတ်တောက်သွားကြောင်း သိရသည်။တံတားမိုင်းခွဲခံရမှုကြောင့် ကုန်စျေးနှုန်းလည်း နှစ်ဆ တက်သည့်အပြင် ကုန်သည်များလည်း စက်လှေဖြင့်သာ ကမ်းကူးရသည့်အတွက် ကုန်သွယ်ရေးလည်း အချိန်ကြန့်ကြာမှုရှိကြောင်း သိရသည်။စက်လှေဖြင့် ကမ်းကူးသူများအနေဖြင့် လူတစ်ဦး (၁)သောင်းကျော်နှင့် စက်ဖြင့်ကားတင်လျှင် ကားတစ်စီးကို (၃)သိန်းခွဲအထိ ပေးနေရကြောင်းဆို သည်။



