ရှမ်းပြည်နယ် တောင်ပိုင်းတောင်ကြီးမြို့ အနောက်မြို့ပတ်လမ်းတွင် တွဲကားများစည်းကမ်းမရှိ အရှိန်ပြင်းပြင်း မောင်းနှင်မှုကြောင့် မကြာခဏ ယာဥ်တိုက်မှုလည်း ရှိကြောင်း ဒေသခံထံမှ သိရသည်။တွဲကားမောင်းနှင်သူအချို့ စည်းကမ်းမဲ့ မောင်းနှင်မှုကြောင့် မလိုလားအပ်သည့် ယာဥ်တိုက်မှု မရှိစေရန် တာဝန်ရှိသူများ စည်းကမ်းတကျ ချမှတ်ပေးစေလိုကြောင်း ဒေသခံက ဆိုသည်။ရှမ်းပြည်နယ်တောင်းပိုင်း တဝန်းတွင်တွဲကားများ အရှိန်မထိန်းမောင်းနှင်မှု၊ စည်းကမ်မဲ့မောင်းနှင်မှုကြောင့် ယာဥ်တိုက်မှု မကြာခဏဖြစ်ကြောင်း သိရသည်။



