back

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ "ငှက်တံခွန်တိုင်" ပွဲကို ဒေသခံတွေ ပြုလုပ်

Feb 21 • 12:58 PM

breaking-news

Myanmar

Kayah

cover

ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာ "ငှက်တံခွန်တိုင်" ပွဲကို ဒေသခံတွေ ပြုလုပ်

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို" လို့ခေါ် ဆိုတဲ့ "ငှက်တံခွန်တိုင်" ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့...

ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းက ကျေးရွာတရွာမှာ ကယန်းလူမျိုးစုတို့ရဲ့ "ထို" လို့ခေါ် ဆိုတဲ့ "ငှက်တံခွန်တိုင်" ပွဲကို ဒီကနေ့ ဖေဖော်ဝါရီလ (၂၁)ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ကယန်းတံခွန်တိုင်မှာ နှစ်မျိုးနှစ်စားရှိပြီး ကယန်းအခေါ်အဝေါ်အရ "ထို" နဲ့ "ကမ်ခွမ့်" ဆိုပြီးနှစ်မျိုးရှိတဲ့အနက် အဆိုပါရွာမှာတော့ "ထို" မြန်မာအခေါ်အဝေါ်အရ "ငှက်တံခွန်တိုင်" လို့ ခေါ်ဆိုကြတယ်လို့ ပြောပါတယ်။ငှက်တံခွန်တိုင်ပွဲကို ပွဲ ကြီးကြီးမားမား ပြလုပ်ပါက တံခွန်တိုင်ရဲ့အရွယ်အစားကြီးပြီး တံခွန်တိုင်သေးရင်တော့ ပွဲအကျဉ်းချုပ်သာ ပြုလုပ်ကြတယ်လို့ သူက ရှင်းပြပါတယ်။အဆိုပါ တံခွန်တိုင်ပွဲကို နှစ်စဉ်နှစ်တိုင်းကျင်းပလေ့ရှိပြီး တံခွန်တိုင်အဟောင်းကို စိုက်ထူထားခြင်းမရှိဘဲ နှစ်သစ်နဲ့အတူ တံခွန်တိုင်အဟောင်းကိုဖယ်ကာ အသစ်ကို စိုက်ထူကြပါတယ်။ ဒီတံခွန်တိုင်အသစ်ကနေ အရာအားလုံးဟာ အသစ်တဖန် ပြန်လည်ဖြစ်တည်လာတယ်လို့ ဒေသခံတွေက ယူဆကြပါတယ်။




news-view-count-icon

18