ရန်ကုန်မြို့တွင်း ခရီးသွားလာရာတွင် အသုံးပြုသည့် YPS (Yangon Payment Service) ကတ်များနှင့် QR စနစ်များအတွက် ငွေဖြည့်သွင်းခြင်းကို G&G နှင့် Capital ဆိုင်များတွင် System Update ပြုလုပ်နေသည်ဟုဆိုကာ ဝန်ဆောင်မှုရပ်နားထားသည်မှာ နှစ်ပတ်ကျော်ကြာမြင့်လာပြီဖြစ်သဖြင့် ခရီးသွားပြည်သူများ အခက်အခဲကြုံတွေ့နေရကြောင်း သိရသည်။ လက်ရှိတွင် YPS အရောင်းကောင်တာများနှင့် AYAPay X ကောင်တာများ၌ ငွေဖြည့်၍ရသော်လည်း လူအများလက်လှမ်းမီသည့် စတိုးဆိုင်များတွင် ငွေဖြည့်၍မရခြင်းကြောင့် ကတ်အသုံးမပြုနိုင်ဘဲ ငွေသားဖြင့်သာ ပေးချေနေရပြီး အကြွေစနစ်အခက်အခဲကြောင့် ယာဉ်စီးခ ပိုမိုပေးဆောင်နေရမှုများအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) ၏ အချက်အလက်များအရ နေ့စဉ် ခရီးသွားနှစ်သိန်းခန့်သည် အဆိုပါ Cashless စနစ်ကို အားထားအသုံးပြုနေကြကြောင်း သိရသည်။
Feb 21 • 7:08 AM
Myanmar
Yangon
Share
| 22 | 0 | 0 | 0 |


