back

မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ စတင်ကျင်းပနေ

Feb 21 • 7:09 AM

breaking-news

South Korea

Local News

cover

မြောက်ကိုရီးယား အလုပ်သမားပါတီ ညီလာခံ စတင်ကျင်းပနေ

မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီသည် (၉) ကြိမ်မြောက် ပါတီညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပခဲ့ရာ ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်တက်ရောက်၍ အဖ...

မြောက်ကိုရီးယားနိုင်ငံ၏ အာဏာရအလုပ်သမားပါတီသည် (၉) ကြိမ်မြောက် ပါတီညီလာခံကို ဖေဖော်ဝါရီ ၁၉ ရက်တွင် စတင်ကျင်းပခဲ့ရာ ခေါင်းဆောင် ကင်ဂျုံအန်း ကိုယ်တိုင်တက်ရောက်၍ အဖွင့်မိန့်ခွန်း ပြောကြားခဲ့သည်။ ၎င်း၏မိန့်ခွန်းတွင် ပြီးခဲ့သည့် ငါးနှစ်တာအတွင်း အဓိကစီးပွားရေးရည်မှန်းချက်များကို အပြည့်အဝအကောင်အထည်ဖော်နိုင်ခဲ့ပြီး နိုင်ငံတကာဆက်ဆံရေးတွင်လည်း အပြောင်းအလဲများ ပြုလုပ်နိုင်ခဲ့ကြောင်း ထည့်သွင်းပြောဆိုခဲ့သော်လည်း အမေရိကန်၊ တောင်ကိုရီးယားနှင့် နျူကလီးယားကိစ္စရပ်များကိုမူ ရည်ညွှန်းပြောဆိုခြင်း မရှိခဲ့ပေ။ ပါတီကိုယ်စားလှယ် ၅,၀၀၀ ခန့် တက်ရောက်နေသည့် ယခုညီလာခံတွင် လာမည့်ငါးနှစ်အတွက် စီးပွားရေးနှင့် စစ်ရေးစီမံချက်သစ်များကို ဆွေးနွေးချမှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

9