back

၂၀၂၆ ခုနှစ်ကုန်တွင် ကစားသမားဘဝမှ အနားယူရန် ဘရာဇီးကြယ်ပွင့် နေမာ စဉ်းစားနေ

Feb 21 • 7:07 AM

breaking-news

Myanmar

International

cover

၂၀၂၆ ခုနှစ်ကုန်တွင် ကစားသမားဘဝမှ အနားယူရန် ဘရာဇီးကြယ်ပွင့် နေမာ စဉ်းစားနေ

ဘရာဇီးတိုက်စစ်မှူး နေမာက ၎င်း၏ကစားသမားဘဝကို တစ်နှစ်ချင်းစီအလိုက်သာ စဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် အနားယူဖွယ်ရှိကြောင်း ဘရာဇီးချန်နယ်တစ်ခုနှင့်...

ဘရာဇီးတိုက်စစ်မှူး နေမာက ၎င်း၏ကစားသမားဘဝကို တစ်နှစ်ချင်းစီအလိုက်သာ စဉ်းစားသွားမည်ဖြစ်ပြီး ၂၀၂၆ ခုနှစ်ကုန်ပိုင်းတွင် အနားယူဖွယ်ရှိကြောင်း ဘရာဇီးချန်နယ်တစ်ခုနှင့် အင်တာဗျူးတွင် ထုတ်ဖော်ပြောကြားခဲ့သည်။ လက်ရှိတွင် အသက် ၃၄ နှစ်ရှိပြီဖြစ်ပြီး ငယ်ဘဝကလပ် ဆန်းတို့စ်အသင်း၌ ကစားနေသည့် နေမာသည် ဒဏ်ရာပြဿနာများစွာနှင့် ရင်ဆိုင်နေရသော်လည်း လာမည့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးအသင်းတွင် ပါဝင်ခွင့်ရရန် မျှော်လင့်နေပြီး အဆိုပါနှစ်သည် ၎င်းအတွက် အရေးကြီးသောနှစ် ဖြစ်လာမည်ဖြစ်သည်။ ဘရာဇီးအသင်း၏ သမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး (၇၉ ဂိုး) ပိုင်ရှင် နေမာသည် ၂၀၂၅ ရာသီကုန်တွင် ဆန်းတို့စ်အသင်းကို တန်းမဆင်းရအောင် ကူညီပေးခဲ့ပြီးနောက် ဒူးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူထားသူဖြစ်ကာ လာမည့်ဒီဇင်ဘာလတွင် ရင်ဆိုင်ရမည့် အခြေအနေကိုကြည့်၍ အနာဂတ်အတွက် အပြီးသတ်ဆုံးဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

37