back

(၁၆) ကြိမ်မြောက် ခြင်္သေ့၊ နဂါး အကအလှပြိုင်ပွဲ နောက်ဆုံးနေ့ နဂါးရှည် အကအလှပြိုင်ပွဲပြုလုပ်ခဲ့ပြီး ဆုအသီးသီး ချီးမြှင့်ခဲ့

Feb 21 • 6:46 AM

breaking-news

Myanmar

Local

breaking-news
cover

(၁၆) ကြိမ်မြောက် ခြင်္သေ့၊ နဂါး အကအလှပြိုင်ပွဲ နောက်ဆုံးနေ့ နဂါးရှည် အကအလှပြိုင်ပွဲပြုလုပ်ခဲ့ပြီး ဆုအသီးသီး ချီးမြှင့်ခဲ့

ရန်ကုန်မြို့၊ လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်းမှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် ခြင်္သေ့ ၊ နဂါး အကအလှပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် နဂါးရှည် အကအလှပြိုင်ပွဲကို...

ရန်ကုန်မြို့၊ လသာမြို့နယ်၊ စဉ့်အိုးတန်းလမ်းမှာ ၃ ရက်တာ ကျင်းပခဲ့တဲ့ (၁၆) ကြိမ်မြောက် ခြင်္သေ့ ၊ နဂါး အကအလှပြိုင်ပွဲ၏ နောက်ဆုံးနေ့တွင် နဂါးရှည် အကအလှပြိုင်ပွဲကို ကျင်းပခဲ့ပြီး ဆုများ အသီးသီး ချီးမြှင့်ခဲ့ပါတယ်။၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးကာလအတွင်း ပြုလုပ်တဲ့ အဆိုပါ ပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်ကနေ ၂၀ ရက်ထိ ကျင်းပခဲ့တာဖြစ်ပြီး နောက်ဆုံးနေ့ ဖြစ်တဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ နဂါးရှည် အကအလှပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကာ အသင်းပေါင်း ၇ သင်း ပါဝင်ခဲ့ပြီး ပထမဆုကို E.S.L Dragon and Lion Dance အဖွဲ့၊ ဒုတိယဆုကို Mandalay LDCR Dragon and Lion Dance အဖွဲ့နှင့် တတိယဆုကို Loo Sein Hong အဖွဲ့တို့က ရရှိခဲ့ပါတယ်။ပြိုင်ပွဲတွင် ပထမဆုကို ကျပ် (၃၅) သိန်း ၊ ဒုတိယဆုကို ကျပ်သိန်း (၃၀) နဲ့ တတိယဆုကို ကျပ် (၂၅) သိန်း ပေးအပ်ချီးမြှင့်ခဲ့တာဖြစ်ပြီး နှစ်သိမ့်ဆု ၄ ဆုအတွက် ကျပ်သိန်း ၂၀ စီ ပေးအပ်ချီးမြှင့်ခဲ့သလို Royal D အားဖြည့်အချိုရည်ကလည်း ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အဖွဲ့တွေကို ထပ်ဆောင်းအပိုဆုကြေးငွေတွေ ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။(၁၆) ကြိမ်မြောက် ခြင်္သေ့ ၊ နဂါး အကအလှပြိုင်ပွဲ၌ မျိုးဆက်သစ် ခြင်္သေ့ အကအလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၈ ရက်မှာ ကျင်းပခဲ့ကာ အသင်း ၄ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Professional ခြင်္သေ့ အကအလှပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၉ ရက်မှာ အသင်း ၇ သင်း နှင့် ဖေဖော်ဝါရီ ၂၀ ရက်မှာတော့ နဂါးရှည် အကအလှပြိုင်ပွဲကို အသင်း ၇ သင်း၊ စုစုပေါင်း အသင်း ၁၈ သင်းတို့ဖြင့် စည်းကားစွာ ကျင်းပခဲ့ပါတယ်။

news-view-count-icon

58