back

စင်ကာပူတွင် ရည်စားရဲ့ သမီးငယ်လေးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၂၄ နှစ် ကျခံရ

Feb 21 • 6:31 AM

breaking-news

Singapore

Local News

cover

စင်ကာပူတွင် ရည်စားရဲ့ သမီးငယ်လေးကို အဓမ္မပြုကျင့်ခဲ့တဲ့ အမျိုးသား ထောင်ဒဏ် ၂၄ နှစ် ကျခံရ

စင်ကာပူနိုင်ငံတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ၂၀၂၁ ခုနှစ်မှ စတင်ကာ အိမ်တွင်း၌လည်းကောင်း၊ ဗန်ကားပေါ်၌လည်းကောင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် အသက်...

စင်ကာပူနိုင်ငံတွင် အသက် ၁၀ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို ၂၀၂၁ ခုနှစ်မှ စတင်ကာ အိမ်တွင်း၌လည်းကောင်း၊ ဗန်ကားပေါ်၌လည်းကောင်း အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့သည့် အသက် ၅၃ နှစ်အရွယ် အမျိုးသားအား တရားရုံးက ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထောင်ဒဏ် ၂၄ နှစ် ချမှတ်လိုက်သည်။ တရားခံသည် ကလေးမလေး၏ မိခင်နှင့် ရည်စားဖြစ်သူဖြစ်ပြီး အတူနေထိုင်စဉ် အခွင့်ကောင်းယူကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ကလေးမလေးက မိခင်ဖြစ်သူကို ပြောပြခဲ့သော်လည်း မိခင်က မယုံကြည်ခဲ့ဘဲ တရားခံဘက်မှ ရပ်တည်ခဲ့သဖြင့် ကလေးငယ်မှာ ထပ်မံစော်ကားခံခဲ့ရကြောင်း သိရသည်။ နောက်ဆုံးတွင် ဝမ်းကွဲအစ်မဖြစ်သူမှတစ်ဆင့် ဖခင်အရင်းဖြစ်သူ သိရှိသွားပြီး အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်ကာ၊ တရားခံမှာ အသက် ၅၀ ကျော်ဖြစ်သဖြင့် စင်ကာပူဥပဒေအရ ကြိမ်ဒဏ်မှ ကင်းလွတ်ခွင့်ရသော်လည်း ၎င်း၏ပြစ်မှုမှာ ဆိုးရွားလွန်းသဖြင့် ယခုကဲ့သို့ ရေရှည်ထောင်ဒဏ် ချမှတ်ခံရခြင်းဖြစ်သည်။

news-view-count-icon

10