ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူခရိုင်အတွင်းရှိ ဒေသခံလူငယ်များအတွက် တိုင်းဒေသကြီး အစိုးရ အစီအစဉ်ဖြင့် အိမ်တွင်းလျှပ်စစ်ပြုပြင်ခြင်းသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဟု သိရသည်။သင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (တောင်ငူ) ၌ ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်ကာ လေအေးပေးစက်ပြုပြင်ခြင်း၊ အိမ်တွင်းလျှပ်စစ်သွယ်တန်းခြင်းနှင့် အိမ်တွင်းသုံးလျှပ်စစ်ပစ္စည်းပြုပြင်ခြင်း စသည်တို့ ပါဝင်မည်ဟု ဆိုသည်။လစဉ် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကာ သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများနှင့်တကွ စာတွေ့ လက်တွေ့ သင် ကြားပေးမည် ဖြစ်သည်ဟု သိရသည်။



