၂၀၂၆ အာရှယူ-၁၇ဖလားအကြို ပြင်ဆင်မှုအဖြစ် မြန်မာယူ-၁၇လက်ရွေးစင်အသင်းနဲ့ အိန္ဒိယယူ-၁၇လက်ရွေးစင်အသင်းတို့ ခြေစမ်းပွဲကစားမယ်လို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။ အိန္ဒိယနဲ့ ခြေစမ်းပွဲ နှစ်ပွဲကစားမှာဖြစ်ပြီး မတ်လ ၃ရက်နဲ့ ၅ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်တယ်လို့ သိရပါတယ်။



