back

မြစ်ကြီးနားလေဆိပ်တွင်ပေါက်ကွဲမှုဖြစ်၊ လေယာဥ်တစ်စီး၏အမြှီးပိုင်းထိမှန်

Feb 21 • 5:58 AM

breaking-news

Myanmar

Kachin

cover

မြစ်ကြီးနားလေဆိပ်တွင်ပေါက်ကွဲမှုဖြစ်၊ လေယာဥ်တစ်စီး၏အမြှီးပိုင်းထိမှန်

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ...

ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်တွင် ဖေဖော်ဝါရီ ၂၀ ရက် ည ၉ နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ လေဆိပ်မှ ပြန်လည်ထွက်ခွာမည့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ လေယာဉ်တစ်စီး၏ အမြှီးပိုင်းကို ထိမှန်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုကြောင့် ခရီးသည်များ ထိတ်လန့်ခဲ့ရသည့်အပြင် လေဆိပ်အနီးတွင် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားနေသဖြင့် လေယာဉ်ခရီးစဉ်များ ရပ်နားထားရပြီး၊ အကယ်၍ လေဆိပ်ကို ယာယီပိတ်လိုက်ရပါက လေကြောင်းခရီးစဉ်ကို အဓိကအားထားနေရသော မြစ်ကြီးနားမြို့တွင် ကုန်ဈေးနှုန်းကြီးမြင့်ခြင်းနှင့် ဆေးဝါးပြတ်တောက်မှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။

news-view-count-icon

11