back

ဒိုင်လူကြီးနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ ဆီဗီလာနည်းပြ အယ်လ်မေးဒါး ခုနစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

Feb 21 • 5:56 AM

breaking-news

Myanmar

International

cover

ဒိုင်လူကြီးနဲ့ ပြဿနာဖြစ်ပွားခဲ့တဲ့ ဆီဗီလာနည်းပြ အယ်လ်မေးဒါး ခုနစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရ

ဆီဗီလာအသင်း၏ အာဂျင်တီးနားလူမျိုးနည်းပြ အယ်လ်မေးဒါးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က အလာဗတ်စ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်အတွင်း ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျ...

ဆီဗီလာအသင်း၏ အာဂျင်တီးနားလူမျိုးနည်းပြ အယ်လ်မေးဒါးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်က အလာဗတ်စ်အသင်းနှင့် ကစားခဲ့သည့်ပွဲစဉ်အတွင်း ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ကွင်းအတွင်းဝင်ရောက် စောဒကတက်ခဲ့ခြင်းနှင့် အနီကတ်ပြခံရပြီးနောက် ကွင်းအတွင်းမှ ချက်ချင်းထွက်ခွာခြင်းမရှိမှုတို့ကြောင့် စုစုပေါင်း (၇) ပွဲပယ် ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရသည်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီက ဒိုင်လူကြီးအား မထီမဲ့မြင်ပြုမှု၊ စောဒကတက်မှုနှင့် ပရိသတ်ကို ဆူပူစေမှုစသည့် အချက်များဖြင့် ပြစ်ဒဏ်ခွဲဝေချမှတ်ခဲ့ခြင်းဖြစ်ပြီး၊ ယခုပွဲပယ်ဒဏ်မှာ ၂၀၁၄ ခုနှစ်နောက်ပိုင်း လာလီဂါနည်းပြတစ်ဦးအတွက် အများဆုံးပွဲပယ်ပြစ်ဒဏ်အဖြစ် မှတ်တမ်းဝင်ခဲ့ကာ ဆီဗီလာအသင်းဘက်မှမူ အဆိုပါကိစ္စအတွက် အယူခံဝင်သွားရန် ပြင်ဆင်နေကြောင်း သိရသည်။

news-view-count-icon

20