ထိုင်းနိုင်ငံ ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနအချုပ်အတွင်းမှ လွတ်ရက်စေ့သည့် မြန်မာနိုင်ငံသား ၇၀ ဦး (အမျိုးသား ၅၃ ဦး၊ အမျိုးသမီး ၁၇ ဦး) ကို ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းတွင် နေရပ်ပြန်လည်ပို့ဆောင်ခဲ့ကြောင်း ရနောင်းမြို့ လူဝင်မှုကြီးကြပ်ရေးဌာနက ထုတ်ပြန်ထားသည်။ယင်းမြန်မာနိုင်ငံသားများအား ရနောင်းအကောက်ခွန် ဆိပ်ခံတံတားမှတစ်ဆင့် ကော့သောင်းဘက်သို့ လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



