စပါးအသင်း၏ နည်းပြသစ် အီဂေါ်တူဒေါက ယခုရာသီကုန်တွင် ၎င်း၏အသင်း တန်းဆင်းရမည့်အန္တရာယ်မှ လွတ်မြောက်မည်ကို ရာနှုန်းပြည့်ယုံကြည်ကြောင်း ပထမဆုံးအကြိမ် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ စပါးအသင်းသည် ရလဒ်ပိုင်းဆိုးရွားမှုကြောင့် နည်းပြ သောမတ်စ်ဖရန့်ခ်ကို ရာထူးမှထုတ်ပယ်ကာ တူဒေါနှင့် အစားထိုးခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် အမှတ်ပေးဇယားအဆင့် ၁၆ ၌ ရပ်တည်ကာ တန်းဆင်းဇုန်နှင့် ၅ မှတ်သာ ကွာဟတော့သည့် အခြေအနေသို့ ရောက်ရှိနေသည်။ ပရီးမီးယားလိဂ်နောက်ဆုံး ၁၇ ပွဲတွင် ၂ ပွဲသာ အနိုင်ရရှိထားသည့် စပါးအသင်းအနေဖြင့် ချန်ပီယံလိဂ်တွင် ၁၆ သင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့သော်လည်း ပြည်တွင်းလိဂ်၌ ရုန်းကန်နေရသဖြင့် ကျန်ရှိသည့် ၁၂ ပွဲတွင် တန်းမဆင်းရရေးအတွက် တူဒေါက အစွမ်းကုန်ကြိုးစားသွားမည်ဖြစ်ကြောင်း သိရသည်။
Feb 21 • 6:28 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


