ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၆ ရက်အထိ တစ်ပိဿာလျှင် ကျပ် ၆,၂၅၀ အဖြစ် သတ်မှတ်လိုက်ရာ ပြီးခဲ့သည့်တစ်ပတ်ဈေးနှုန်းအတိုင်း ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်နေကြောင်း သိရသည်။ အဆိုပါဈေးနှုန်းမှာ ဇန်နဝါရီနှင့် ဖေဖော်ဝါရီ ပထမပတ်တို့ရှိ ကျပ် ၆,၁၅၀ ဈေးနှုန်းထက် အနည်းငယ်မြင့်တက်လာခြင်းဖြစ်ပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ဈေးကွက်အတွင်း ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။
Feb 21 • 5:47 AM
Myanmar
Local
Share
| 39 | 0 | 0 | 0 |


