back

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

Feb 21 • 5:49 AM

breaking-news

Myanmar

Local

cover

ရန်ကုန်တိုင်းဒေသကြီးအပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ညနေပိုင်းအထိ ရန်ကုန်၊ နေပြည်တော်၊ မန္...

အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာနှင့် ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့ညနေပိုင်းအထိ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနှင့် ရှမ်းပြည်နယ်အပါအဝင် တိုင်းနှင့်ပြည်နယ်အချို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာရန် ၆၀ ရာခိုင်နှုန်းခန့်ရှိကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း သီရိလင်္ကာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည်ဟု ခန့်မှန်းရသော်လည်း နောက်နှစ်ရက်အထိ မြန်မာနိုင်ငံတောင်ပိုင်းနှင့် အလယ်ပိုင်းဒေသအများစုတွင် မိုးအနည်းငယ် ဆက်လက်ထစ်ချုန်းရွာနိုင်ကာ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်လည်း တိမ်အသင့်အတင့်မှ တိမ်ထူထပ်နိုင်ကြောင်း သိရသည်။

news-view-count-icon

24