မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခရီးစဉ်ဒေသသစ်များ ဖော်ထုတ်နိုင်ရန်အတွက် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်အထိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှုအဖွဲ့ (DMA) ပေါင်း ၂၀၀ ကျော်ကို ဖွဲ့စည်းဆောင်ရွက်ထားပြီးဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က နေပြည်တော်၌ကျင်းပသည့် စွမ်းဆောင်ရည်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့များသည် ခရီးသွားများ လုံခြုံစိတ်ချစွာ လည်ပတ်နိုင်ရေး၊ ဝန်ဆောင်မှုကောင်းများ ပေးနိုင်ရေး၊ ဆွဲဆောင်မှုအသစ်များ ရှာဖွေရေးနှင့် ဈေးကွက်မြှင့်တင်ရေးလုပ်ငန်းများကို စနစ်တကျ အကောင်အထည်ဖော်မည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်း ပေါ်ပေါက်လာစေရန် အာဆီယံ-ဂျပန်ဗဟိုဌာန၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းများကဲ့သို့သော ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်ဒေသများ ဖော်ထုတ်နိုင်ရေးအတွက် မြေပြင်အဆင့်အထိ ခရီးစဉ်ဒေသစီမံခန့်ခွဲမှု အဖွဲ့ပေါင်း ၂၀၀ ကျော် ဖွဲ့စည်းထား
Feb 21 • 5:44 AM
Myanmar
Local
Share
| 35 | 0 | 0 | 0 |


