back

သံဃာတော်များ လူမှုကွန်ရက်သုံးမှုကို ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းရန် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မိန့်ကြား

Feb 21 • 5:42 AM

breaking-news

Myanmar

Local

cover

သံဃာတော်များ လူမှုကွန်ရက်သုံးမှုကို ဓမ္မစက်၊ အာဏာစက်ဖြင့် ထိန်းရန် ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဥက္ကဋ္ဌ မိန့်ကြား

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပသည့် (၉) ကြိမ်မြောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သံဃ...

ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ၌ ကျင်းပသည့် (၉) ကြိမ်မြောက် နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်အဖွဲ့ ဒုတိယအစည်းအဝေးတွင် ဥက္ကဋ္ဌ ဆရာတော် ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသက သံဃာတော်များအနေဖြင့် Facebook နှင့် TikTok ကဲ့သို့ လူမှုကွန်ရက်များပေါ်၌ ရဟန်းသံဃာနှင့် သီလရှင်များ၏ ဂုဏ်သိက္ခာ၊ ဝိနည်း၊ ကိုယ်ကျင့်တရားတို့နှင့် မလျော်ညီသည့် အပြုအမူများ ပြုလုပ်ခြင်းနှင့် ဓမ္မဝိနယနှင့်မညီဘဲ ဟောပြောခြင်းများသည် သာသနာတော်ကို ညှိုးမှိန်စေကြောင်း မိန့်ကြားခဲ့သည်။ ထို့ကြောင့် ထိုသို့သော အပြုအမူများကို ဓမ္မစက်၊ အာဏာစက်တို့ဖြင့် ထိန်းကျောင်းတည့်မတ်သွားရန် လိုအပ်ကြောင်း ထည့်သွင်းမိန့်ကြားခဲ့ပြီး၊ အဆိုပါ အစည်းအဝေးကို ဖေဖော်ဝါရီ ၂၁ ရက်အထိ ကျင်းပကာ ဆရာတော်ကြီးများ၏ တင်ပြချက်များကို အတည်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း သိရသည်။

news-view-count-icon

30