back

လပွတ္တာမြို့နယ် အမတ်ကလေးကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးသဖြင့် လူဦးရေ ၁,၀၀၀ ကျော် အတွက် သောက်သုံးရေ လုံလောက်စွာရရှိ

Feb 21 • 5:41 AM

breaking-news

Myanmar

Ayeyarwady

cover

လပွတ္တာမြို့နယ် အမတ်ကလေးကျေးရွာတွင် မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်းများ ပြီးစီးသဖြင့် လူဦးရေ ၁,၀၀၀ ကျော် အတွက် သောက်သုံးရေ လုံလောက်စွာရရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမတ်ကလေးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၁၈ သန်းဖြင့် ဆောင်ရွက်ခဲ့သော ...

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ အမတ်ကလေးကျေးရွာ၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ခွင့်ပြုငွေကျပ် ၁၈ သန်းဖြင့် ဆောင်ရွက်ခဲ့သော မြေသားရေကန်တူးဖော်ခြင်း၊ ခြံစည်းရိုးကာရံခြင်းနှင့် လက်နှိပ်တုံကင် ၄ လုံး တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ ၂၀၂၅ ခုနှစ် ဧပြီလမှ စတင်လုပ်ဆောင်ခဲ့သည့် အဆိုပါစီမံကိန်းကြောင့် အမတ်ကလေးကျေးရွာရှိ အိမ်ခြေ ၂၃၀ မှ လူဦးရေ ၁,၀၁၉ ဦးအတွက် သန့်ရှင်းသော သောက်သုံးရေကို လုံလောက်စွာ ရရှိနိုင်တော့မည်ဖြစ်ပြီး ခရိုင်ဦးစီးမှူး ဦးအောင်နိုင်မိုးက ရေရှည်တည်တံ့စေရန် စနစ်တကျ ထိန်းသိမ်းကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။

news-view-count-icon

19