ရှမ်းပြည်နယ်၊ လွိုင်လင်မြို့နယ်၊ တောင်ကြီး-ကျိုင်းတုံ ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဖေဖော်ဝါရီ ၂၀ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်က ဘိလပ်မြေများတင်ဆောင်လာသော ကုန်တင်ကားတစ်စီးသည် တာယာအပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ရာ လွိုင်လင်ခရိုင်မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့သဖြင့် ညနေ ၅ နာရီ ၁၅ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်မှာ မိုင်းပွန်နှင့် လွိုင်လင်ကြား မိုင်တိုင်အမှတ် ၁၆၃/၁ နှင့် ၁၆၃/၂ အကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အချိန်မီပူးပေါင်းဆောင်ရွက်မှုကြောင့် မီးထိန်းနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
Feb 21 • 5:40 AM
Myanmar
Shan
Share
| 15 | 0 | 0 | 0 |


