back

ONE Friday Fights 143 တွင် မြန်မာဖိုက်တာ လှိုင်းထက်အောင်က ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်ကို ရှုံးနိမ့်

Feb 21 • 5:39 AM

breaking-news

Myanmar

International

cover

ONE Friday Fights 143 တွင် မြန်မာဖိုက်တာ လှိုင်းထက်အောင်က ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်ကို ရှုံးနိမ့်

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ကျင်းပသည့် ONE Friday Fights 143 ပွဲစဉ်တွင် မြန်မာရိုးရာလက်ဝှေ့ မျက်နှာသစ်ဖိုက်တာ လှိုင်းထက်အောင်သည် ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်ကို ...

ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်းက ကျင်းပသည့် ONE Friday Fights 143 ပွဲစဉ်တွင် မြန်မာရိုးရာလက်ဝှေ့ မျက်နှာသစ်ဖိုက်တာ လှိုင်းထက်အောင်သည် ထိုင်းဖိုက်တာ ဝမ်ချိုင်နွိုင်ကို ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာ သုံးချီမြောက်တွင် လက်ရည်ချင်းမမျှတဘဲ ပြိုင်ဘက်၏ တံတောင်၊ ဒူးနှင့် လက်သီးချက်များကြောင့် အလူးအလဲဖြစ်နေသဖြင့် ဒိုင်ဖြစ်သူက ပွဲကိုရပ်တန့်ကာ အရှုံးပေးလိုက်ရကြောင်း သိရသည်။ အဆိုပါပွဲစဉ်တွင် အနိုင်ရရှိခဲ့သည့် ဝမ်ချိုင်နွိုင်ကို ONE Championship ဥက္ကဋ္ဌ ဦးချက်ထရီက ဘတ် ၃၅,၀၀၀ ချီးမြှင့်ခဲ့ပြီး လှိုင်းထက်အောင်အနေဖြင့် မျက်နှာသစ်ဖိုက်တာပီပီ အတွေ့အကြုံရှိပြီးသား ပြိုင်ဘက်ကို အစွမ်းကုန်ခုခံထိုးသတ်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

news-view-count-icon

25