မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အသိပေးချက်အရ ၂၀၂၆ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှစ၍ ကျင်းပသွားမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြား (Identity Card) များကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက်နေ့မှစတင်ကာ မိမိတို့ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများနှင့် ကျောင်းအုပ်ကြီးများထံတွင် ထုတ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၇ ရက်နေ့အထိလည်းကောင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၈ ရက်နေ့အထိလည်းကောင်း အသီးသီးကျင်းပသွားမည်ဖြစ်ပြီး ကတ်ပြားထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာပညာရေးတာဝန်ရှိသူများနှင့် စာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲများကို မတ်လ ၁၁ ရက်နေ့မှ စတင်ကျင်းပသွားမည်ဖြစ်ပြီး စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများကို ဖေဖော်ဝါရီ ၂၃ ရက်မှ စတင်ထုတ်ယူနိုင်
Feb 21 • 5:37 AM
Myanmar
Local
Share
| 29 | 0 | 0 | 0 |


