ဝိတ်တန်းရှစ်ခုတွင် ကမ္ဘာ့ချန်ပီယံခါးပတ်များ ရရှိဖူးသူ အသက် ၄၇ နှစ်အရွယ် ဖိလစ်ပိုင်လက်ဝှေ့ကျော် မန်နီပက်ကီယောင်းနှင့် လိုက်ဝယ်လ်တာဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း ရုရှားလက်ဝှေ့သမား ပရိုဗော့နီကော့ဗ်တို့သည် လာမည့် ဧပြီ ၁၈ ရက်တွင် လတ်စ်ဗေးဂတ်စ်ရှိ Thomas and Mack Center ၌ ၁၀ ချီပါဝင်မည့် သရုပ်ပြလက်ဝှေ့ပွဲစဉ်ကို ထိုးသတ်သွားမည်ဖြစ်ကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်တွင် လက်ဝှေ့လောကမှ အနားယူကာ နိုင်ငံရေးသို့ ဝင်ရောက်ခဲ့ပြီးနောက် ပြီးခဲ့သည့် ဇူလိုင်လတွင် တစ်ကျော့ပြန်ထိုးသတ်ခဲ့သည့် ပက်ကီယောင်းနှင့် ၂၀၁၆ ခုနှစ်ကတည်းက အနားယူခဲ့သည့် ပရိုဗော့နီကော့ဗ်တို့၏ ယခုတွေ့ဆုံမှုမှာ ဝါရင့်လက်ဝှေ့သမားဟောင်းနှစ်ဦး၏ စိတ်ဝင်စားဖွယ် ပွဲစဉ်တစ်ခု ဖြစ်လာမည်ဖြစ်သည်။
ဝါရင့်ကမ္ဘာ့ချန်ပီယံဟောင်းများဖြစ်ကြသည့် ပက်ကီယောင်းနှင့် ပရိုဗော့နီကော့ဗ်တို့ ဧပြီလတွင် လတ်စ်ဗေးဂတ်စ်၌ သရုပ်ပြလက်ဝှေ့ပွဲ ထိုးသတ်မည်
Feb 21 • 5:36 AM
Myanmar
International
Share
| 24 | 0 | 0 | 0 |


