back

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ထုတ်ယူနိုင်

Feb 21 • 5:09 AM

breaking-news

Myanmar

Local

breaking-news
cover

စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ဖေဖော်ဝါရီ ၂၃ ရက်မှစ၍ ထုတ်ယူနိုင်

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှ မတ် ၁၈ ရက်အထိကျင်းပမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လ...

ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှ မတ် ၁၈ ရက်အထိကျင်းပမည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့်လျှောက်ထားသည့် ကျောင်းသား၊ ကျောင်းသူများအား စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို လာမည့် ဖေဖော်ဝါရီ ၂၃ ရက် (တနင်္လာနေ့) မှစ၍ ထုတ်ယူနိုင်သည်ဟု အသိပေးခဲ့သည်။အဆိုပါ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများအား မိမိတို့ ဖြေဆိုရမည့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ ကျောင်းအုပ်ကြီးများထံ၌ထုတ်ယူနိုင်ကာ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများထုတ်ယူရာတွင် အခက်အခဲရှိပါက သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများ၊ စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာစစ်ဦးစီးဌာနထံ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်သည်ဟု အသိပေးခဲ့သည်။

news-view-count-icon

31