အညာဒေသထွက်စားသောက်ကုန်များမှာ ဘုရားပွဲစျေးတန်းများအတွင်း ဝယ်လိုအားအကောင်းဆုံးသော အခြေအနေမျိုး ကြုံလာကြောင်း ၁၂ ပွဲစျေးသည်များထံမှ သိရသည်။လတ်တလောတွင် ပြည်တွင်းရှိနယ်မြို့များအတွင်းတွင်လည်း ဘုရားပွဲတော်နှင့်အတူ ပွဲစျေးတန်းများကို ပြုလုပ်နေပြီး အဆိုပါ အညာစာများမှာ စိတ်ဝင်စားသူများကာ ဝယ်လိုအားကောင်းနေခြင်းလည်းဖြစ်သည်။လတ်တလော လူမှုကွန်ရက်များတွင် အညာဒေသထွက်စားသောက်ကုန်များကို ဖော်ပြလာခြင်းများရှိပြီး မည်ကဲ့သို့ ပြုလုပ်ထားကြသည်ကိုလည်းကောင်း၊ စားသောက်သည့်အခါ မည်ကဲ့သို့အရသာရှိသည်ဟူ၍လည်းကောင်း ကြည့်ရှုသူကို စားချင်စိတ်ဖြစ်အောင် ရိုက်ကူးတင်ဆက်ထားခြင်းကြောင့်လည်း စိတ်ဝင်စားသူများလာကြခြင်းဖြစ်သည်ဟု ဆိုကြသည်။အဆိုပါ အညာစာများတွင် မုန့်ကုလားမဲ၊ အညာသားကျောကုန်း၊ ထိုးမုန့်၊ စလူမုန့်၊ ကရေကရာ စသည်ဖြင့် ဝယ်ယူသူ အများအပြားရှိကြပြီး မရွေးမုန့်များမှာလည်း ရောင်းအားကောင်းသောအခြေအနေမျိုးဖြစ်ခဲ့သည်။မန္တလေးမြို့နှင့်အနီး၀န်းကျင်တွင်ကျင်းပသမျှသော ဘုရားပွဲတော်များ၏ပွဲဈေးတန်းများသို့ အနယ်နယ်အရပ်ရပ်မှ ဒေသထွက်ကုန်နှင့် ရိုးရာဓလေ့စားသောက်ကုန်များ လာရောက်ရောင်းချလေ့ရှိပြီး ပွဲဈေးတန်းတစ်ခုလျှင် ပျံကျဆိုင်ခန်းများအပါအဝင် ဆိုင်ခန်းပေါင်းထောင်ချီတည်ရှိနေကြသည်။ထိုပျံကျဆိုင်များအနက် အညာဒေသထွက်စားသောက်ကုန်များမှာ ပွဲစျေးသို့လာသူများကြား စိတ်ဝင်စားမှုအများဆုံးနှင့် ၀ယ်လိုအားအကောင်းဆုံးသော အခြေအနေမျိုးဖြစ်လာခဲ့ကြောင်း သိရသည်။
| 39 | 0 | 0 | 0 |


