Myanmar National League 2025-26 Week-18 ပွဲစဉ်များတွင် ရန်ကုန်ယူနိုက်တက်နှင့် ရှမ်းယူနိုက်တက်အသင်းတို့ ဂိုးမရှိသရေရလဒ်ထွက်ပေါ်ခဲ့သည့်အတွက် ချန်ပီယံလုပွဲမှာ ဆက်လက်ပြင်းထန်နေဆဲဖြစ်သည်။ သစ္စာအားမာန်အသင်းနှင့် ဒဂုံပေါ့အသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့သည့် တန်းဆင်းဇုန်ပွဲစဉ်တွင် နှစ်ဂိုးစီ သရေကျခဲ့ခြင်းကြောင့် လက်ကျန်ပွဲစဉ်များမှာ ပို၍ ခက်ခက်ခဲခဲ ကစားသွားရတော့မည့်အခြေအနေဖြစ်သည်။
ယခုတစ်ပတ်တွင် ဒဂုံစတားယူနိုက်တက်၊ ဧရာဝတီယူနိုက်တက်နှင့် ISPE အသင်းတို့ နိုင်ပွဲကိုယ်စီ ပိုင်ဆိုင်ခဲ့ပြီး ဟံသာဝတီယူနိုက်တက်နှင့် မဟာယူနိုက်တက်ပွဲစဉ်သည်လည်း ဂိုးမရှိသရေရလဒ်နှင့်သာ ပြီးဆုံးခဲ့သည်။


