back

နေရောင်ခြည်မထိတွေ့ပါက စိုးရိမ်ပူပန်စိတ်ဖြစ်နိုင်

Feb 21 • 4:48 AM

breaking-news

Myanmar

Local

breaking-news
cover

နေရောင်ခြည်မထိတွေ့ပါက စိုးရိမ်ပူပန်စိတ်ဖြစ်နိုင်

စိုးရိမ်ပူပန်စိတ်ဖြစ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လို့ ထင်နေကြပေမယ့် ယခုအခါ ကျန်းမာရေးပညာရှင်တွေက ဗိုက်တာမင်-ဒီ ချို့တဲ့တာကြောင့်လို့ ထောက်ပြနေပါတယ်။ ဗိုက်တ...

စိုးရိမ်ပူပန်စိတ်ဖြစ်ခြင်းဟာ စိတ်ပိုင်းဆိုင်ရာကြောင့်လို့ ထင်နေကြပေမယ့် ယခုအခါ ကျန်းမာရေးပညာရှင်တွေက ဗိုက်တာမင်-ဒီ ချို့တဲ့တာကြောင့်လို့ ထောက်ပြနေပါတယ်။ ဗိုက်တာမင်-ဒီ နည်းတဲ့အခါ စိတ်က ဖိစီးမှုခံစားလွယ်ခြင်း၊ စိတ်ပိုင်းကြံ့ခိုင်စွမ်း ကျဆင်းခြင်းတို့ ဖြစ်လာတယ်လို့ ဝေါ့ခ်ဟာ့ဒ်ဆေးရုံမှ ဒေါက်တာ ရီတူဂျာအူဂယ်မူဂျယ်က ပြောပါတယ်။ ဗိုက်တာမင်-ဒီက စိတ်အခြေအနေ၊ ရောင်ရမ်းခြင်း၊ ဖိစီးမှုဟော်မုန်းတွေမှာ ကူညီပေးတာကြောင့် ဗိုက်တာမင်-ဒီ နည်းသွားရင် နွမ်းနယ်ခြင်း၊ စိတ်ပိုင်းကျဆင်းခြင်းတို့ ခံစားရတာ ဖြစ်ပါတယ်။ အရမ်းနည်းသွားရင်တော့ စိတ်ပိုင်းဆိုင်ရာ အောက်ဆုံးအထိရောက်ပြီး အရင်တည်းက စိုးရိမ်ပူပန်တတ်သူတွေအတွက် ပိုဆိုးစေပါတယ်။ အိမ်ထဲမှာပဲနေပြီး စိုးရိမ်ပူပန်စိတ်တွေ ဖြစ်လာတယ်ဆိုရင် နေရောင်ခြည်ထိတွေ့ပေးပြီး ဗိုက်တာမင်-ဒီရရှိဖို့ ဂရုစိုက်သင့်ပါတယ်။

news-view-count-icon

36