သာသနာပြုခရီးစဉ် ကြွရောက်နေသော မိုင်းဖုန်းဆရာတော်ကြီးသည် ဖေဖော်ဝါရီ ၂၀ ရက်တွင် မန္တလေးမြို့သို့ ရောက်ရှိလာပြီး ကမ္ဘောဇဝုန်းစုမ့်ကျောင်း၌ တရားတော်များ ချီးမြှင့်ခဲ့ကာ၊ ဖေဖော်ဝါရီ ၂၁ ရက်တွင် အမရပူရ စွယ်တော်ဘုရားသို့ ကြွရောက်၍ မေတ္တာပို့တရား ဟောကြားခြင်းနှင့် မန္တလေးငလျင်ဘေး ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးသည် မန္တလေးခရီးစဉ်အပြီးတွင် ပြင်ဦးလွင်၊ နေပြည်တော်နှင့် ရန်ကုန်မြို့များသို့လည်း သာသနာပြုခရီး ဆက်လက်ကြွရောက်ရန် အစီအစဉ်ရှိကြောင်း တောင်တန်းသာသနာပြုဆရာတော် ဦးသုခမိန်၏ လူမှုကွန်ရက်ဖော်ပြချက်အရ သိရသည်။
မိုင်းဖုန်းဆရာတော်ကြီး မန္တလေးမြို့သို့ ရောက်ရှိပြီး ငလျင်သင့်ပြန်လည်ထူထောင်ရေးအတွက် လှူဒါန်းမှုများ ပြုလုပ်မည်
Feb 21 • 5:11 AM
Myanmar
Mandalay
Share
| 28 | 0 | 0 | 0 |


