အီရန်ကို တိုက်ခိုက်မယ့် စစ်ဆင်ရေးများမှာ အသုံးပြုရန်အတွက် ဗြိတိန်လေတပ်စခန်းများကို အသုံးပြုခွင့်ပေးရန် အမေရိကန်သမ္မတဒေါ်နယ်ထရန့်ရဲ့ တောင်းဆိုချက်ကို ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ပယ်ချခဲ့ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြပါတယ်။The Times သတင်းစာရဲ့ ဖော်ပြချက်အရ စတာမာဟာ အင်္ဂလန်ရှိ RAF Fairford အခြေစိုက်စခန်းနှင့် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ဗြိတိန်ပိုင်နက်ဖြစ်နေတဲ့ Diego Garcia ကျွန်းတို့ကို အီရန်အား တိုက်ခိုက်ရာတွင် အသုံးပြုခွင့်ပေးရန် ငြင်းဆိုခဲ့ခြင်းဖြစ်ပါတယ်။အဆိုပါ စခန်းနှစ်ခုဟာ အမေရိကန်ရဲ့ အဝေးရောက်စစ်ဆင်ရေးများအတွက် အရေးပါတဲ့ ပြည်ပစစ်အခြေစိုက်စခန်းများဖြစ်ပါတယ်။အထူးသဖြင့် Diego Garcia ကျွန်းဟာ အမေရိကန်ရဲ့ အကြီးစားဗုံးကြဲလေယာဉ်အုပ်စုအတွက် အဓိကကျသော လေယာဉ်ကွင်းတစ်ခု ဖြစ်ပါတယ်။



