ဧရာ၀တီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ အင်ပင်မြို့တွင် မျက်စိနှင့်အထွေထွေရောဂါလူနာ ၈၀၀ခန့်ကို ဟင်္သာတခရိုင် ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်နှင့် အထူးကုဆရာဝန်များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများက ဖေဖော်ဝါရီ ၂၀ ရက်က အခမဲ့စမ်းသပ်ကုသပေးခဲ့ကြောင်း သိရသည်။အဆိုပါဆေးကုသမှုအစီအစဥ်တွင် မျက်စိဝေဒနာရှင် ၁၆၉ ဦးအပြင် အခြားအထွေထွေ လူနာ ၅၀၀ ကျော်ကို ကြည့်ရှုကုသပေးနိုင်ခဲ့ပြီး ကျန်းမာရေးအသိပညာများ ဝေငှပေးခဲ့ကြောင်း သိရသည်။



