ဂျပန်နိုင်ငံ၊ အိုဆာကာမြို့ရှိ သက်တမ်းကြာမြင့်နေပြီဖြစ်သော ရေနှင့် မိလ္လာပိုက်လိုင်းစနစ်များ ပြုပြင်ထိန်းသိမ်းရာတွင် အသုံးပြုရန်အတွက် အမည်မဖော်လိုသူ အလှူရှင်တစ်ဦးက အလေးချိန် ၂၁ ကီလိုဂရမ်ရှိ (ဂျပန်ယန်း သန်း ၅၆၀ ခန့် တန်ဖိုးရှိ) ရွှေချောင်းများကို လှူဒါန်းခဲ့ကြောင်း မြို့တော်ဝန် ဟီဒေယူကီယိုကိုယာမက ထုတ်ဖော်ပြောကြားခဲ့သည်။ အိုဆာကာမြို့တွင် ၂၀၂၄ ခုနှစ်အတွင်း ရေပိုက်ပေါက်ခြင်း ဖြစ်စဉ်ပေါင်း ၉၀ ကျော်အထိ ကြုံတွေ့ခဲ့ရပြီး ဂျပန်နိုင်ငံတစ်ဝန်းရှိ ရေပိုက်စနစ် ၂၀ ရာခိုင်နှုန်းမှာ သတ်မှတ်သက်တမ်း အနှစ် ၄၀ ကျော်လွန်နေပြီဖြစ်ရာ ယခုကဲ့သို့ များပြားလှသော လှူဒါန်းမှုအပေါ် မြို့တော်ဝန်က များစွာတန်ဖိုးထားကျေးဇူးတင်ရှိကြောင်းနှင့် ရေပိုက်လိုင်းများ အဆင့်မြှင့်တင်ရေးအတွက် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုလိုအပ်နေသည့် အချိန်တွင် များစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဂျပန်၌ ရေပေးဝေရေးစနစ် ပြုပြင်ရန် ဂျပန်အလှူရှင်တစ်ဦး ဒေါ်လာ ၃ ဒသမ ၆ သန်း တန် ရွှေချောင်းများ လှူဒါန်းး
Feb 21 • 3:31 AM
Japan
Local News
Share
| 11 | 0 | 0 | 0 |


