ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့တွင် ဖေဖော်ဝါရီ ၁၉ ရက် ညပိုင်းက ပစ်ကပ်ကားမောင်းနှင်လာသည့် မြန်မာအမျိုးသားတစ်ဦးသည် မူးယစ်နေသည့်ပုံစံဖြင့် မီးနီမိ၍ ရပ်တန့်နေသော ဆိုင်ကယ်နှင့် ကား (၆) စီးခန့်ကို အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ရာ နိုင်ငံခြားသားကလေးငယ်တစ်ဦး အပါအဝင် လူအများ ဒဏ်ရာရရှိခဲ့ပြီး အမျိုးသားတစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်ကြောင့် ဒေါသထွက်နေသည့် ဒေသခံများက မြန်မာယာဉ်မောင်းအား ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြပြီး၊ လက်ရှိတွင် ထိုင်းအာဏာပိုင်များက ယာဉ်တိုက်မှုကို ဖြစ်ပွားစေသူအား ဥပဒေအရ အရေးယူနိုင်ရန် အခင်းဖြစ်ပွားရာနေရာကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Feb 21 • 3:29 AM
Thailand
Local News
Share
| 18 | 0 | 0 | 0 |


