ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္ပဏီအားကစားရုံ၌ ယနေ့ညပိုင်းက ကျင်းပခဲ့သည့် ONE Friday Fights 143 ၏ ခေါင်ပွဲတွင် ကယန်းကျားသစ်မယ် ဘရော်နီကာသည် အစ္စရေးဖိုက်တာ ရှိယာကိုဟင်ကို သုံးချီအထိ အကြိတ်အနယ်ယှဉ်ပြိုင်ထိုးသတ်ခဲ့ပြီးနောက် ဒိုင်အဆုံးအဖြတ် အမှတ်ဖြင့် အနိုင်ရရှိခဲ့သည်။ ပွဲစဉ်တစ်လျှောက် ဘရော်နီကာသည် စနစ်တကျတုံ့ပြန်ထိုးနှက်ချက်များဖြင့် အသာစီးရယူနိုင်ခဲ့ပြီး အစ္စရေးဖိုက်တာ၏ တိုက်စစ်ကိုလည်း အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့ကာ၊ ယခုနိုင်ပွဲကြောင့် ဘရော်နီကာသည် ONE Championship တွင် နောက်ထပ်နိုင်ပွဲတစ်ပွဲ တိုးလာခဲ့သလို ၎င်း၏ပြိုင်ဘက် ရှိယာကိုဟင်မှာမူ ၃ ပွဲဆက်နိုင်ပွဲရရှိထားရာမှ ပထမဆုံးအကြိမ် ရှုံးပွဲကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
| 19 | 0 | 0 | 0 |


